လွိုင်လင် မတ် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် လွိုင်လင်ခရိုင် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် လွိုင်လင်မြို့ အ.ထ.က(၁)၊ စာစစ်ဌာနနှင့် ပင်လုံမြို့ အ.ထ.က(၁) စာစစ်ဌာနများသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးတို့က လိုက်လံရှင်းလင်ပြသကြရာ ပြည်နယ်ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွန်မှာကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် လွိုင်လင်မြို့ ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ သွားရောက်၍ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး