ပူတာအိုမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်

ပူတာအို   စက်တင်ဘာ   ၁၅

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို စက်တင်ဘာ(၁၅)ရက် နံနက် (၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ် လဝကဦးစီးမှူး ဦးခေါ့ဖန်ဂျာလီရဲ့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊ အဖွဲ့ဝင် ဦးမယစ်ယောရှု၊ ခရိုင်လဝကဦးစီးမှူး ဦးဗိုလ်မြင့်၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးမင်းခိုင်နှင့် အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အ.ထ.က(ပူတာအို)ကျောင်း Grade-9၊ 10၊ 11၊ 12 မှ ကျောင်းသား၊ ကျောင်းသူ (၁၁၉)ဦးအတွက် ကတ်ပြား (၁၁၉)ကတ်ကို လက်ဝယ်အရောက်ပေးအပ်သည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ထုတ်ပေးခြင်း၊ အသက် (၁၈)နှစ်အထက်နှင့် အသက်(၁၆-၁၈)နှစ်ကြားရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်လဝကဦးစီးမှူး ဦးခေါ့ဖန်ဂျာလီရဲ့နှင့် ဝန်ထမ်းများက ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးခဲ့ရာ ဂုတ်(၁)ရက်မှ စက်တင်ဘာ (၁၅)ရက်နေ့အထိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ထုတ်ပေးခြင်း (၂၁၁)စု၊ လူဦးရေ (၁၀၀၄)ဦးနှင့် အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၉၈၅)ကတ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)