ညောင်ဦး မတ် ၁၆
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီချွေတာနိုင်ရန် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပါတ်ပါသော အက္ခရာယာဉ်များ၊ "မ"ရက်တွင် "မ" နံပတ်ပါသော အက္ခရာယာဉ်များခွဲခြားပြီး မော်တော်ယာဉ် ကန့်သတ်မောင်းနှင်သည့်စနစ်အား အသိပေးထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ညောင်ဦးမြို့တွင် သွားလာအသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲကစတင်၍ ပူးပေါင်းအဖွဲ့ဖြင့်ကွင်း ဆင်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညောင်ဦးမြို့၊ ရှေးဟောင်းမုခ်ဦးအဝင်အနီးတွင်လည်ကောင်း၊ အနော်ရထာလမ်းဆုံ၊ ဆွမ်းအုပ်အဝိုင်းအနီးတွင်လည်ကောင်း၊ မဏိစည်သူဈေးအနီးတွင်လည်ကောင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ သီရိပစ္စယာရပ်ရှိ ချောက်-ပုဂံ-ညောင်ဦးမြို့သွားလမ်းစုံတွင်လည်ကောင်း၊ ညောင်ဦး- ပုဂံမြို့ရှောင်လမ်းမှ ပုဂံမြို့အဝင်အနီးလမ်းစုံအနီးတို့တွင်လည်ကောင်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား မော်တော်ယာဉ်ကန့်သတ်မောင်းနှင်သည့် စနစ်အား အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်စေရေးတို့အား ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း