ဒေးဒရဲမြို့၌ (၂၀၂၆) ခုနှစ်၊ တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ(ပဥ္ဓမနေ့) သက်ဆိုင်ရာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

ဒေးဒရဲ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ (ပဥ္ဓမနေ့)အဖြစ် သက်ဆိုင်ရာဘာသာရပ်များကို မတ် ၁၆ ရက်နေ့နံနက် (၉) နာရီကစတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်နှင့် ​စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအား အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က(တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်ဒိုး) စုစုပေါင်း စာစစ်ဌာန(၅)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား(၃၅၄)ဦး၊ ကျောင်းသူ(၄၆၆)ဦး၊ စုစုပေါင်း(၈၂၀)ဦးက ရူပဗေဒဘာသာရပ်၊ ကျောင်းသား (၇၈)ဦး၊ ကျောင်းသူ (၉၆)ဦး၊ စုစုပေါင်း (၁၇၄)ဦးက  သမိုင်းဘာသာရပ်များကိုလည်းကောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစာစစ်ဌာနတွင် ကျောင်းသား(၇၀)ဦးနှင့် ကျောင်းသူ(၀) စုစုပေါင်း (၁၀၀)ဦးက မြေတိုင်းပညာ/ လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းများ/ ဂဟေဆက်နည်းပညာ/ သီးနှံကာကွယ်ရေး/ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး ဘာသာရပ်များကို ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းကအဖွဲ့များက ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း