တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များ ပြသ

တောင်သာ ဇွန် ၅

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။                                                 

အဆိုပါ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း စသည်များအား ဟောပြောပြီးနောက်  အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ကလေးအလုပ်သမား ပပျောက် ရေးနှင့် နံရံကပ်ပြဘုတ်များ ပြသခဲ့ရာ စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)