ကျောက်မဲမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကျောက်မဲ ဇွန် ၅

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျောက်မဲမြို့၊ အထက(၁)၊ သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်မဲ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုးနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား ကျောင်သူ ၁၂ ဦးအား ဆုများချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဗွီဒီယိုကို ပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထုတ် အသိ ပညာပေး လက်ကမ်းစာစောင်များ အမှတ်တရ လက်ဆောင်ဆောင်ပစ္စည်းများ ဖြန့်ဝေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)