မာန်အောင် မတ် ၁၇
၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင်မတ်(၁၁)ရက်မှမစတင်၍ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊မာန်အောင်မြို့၌ (ပဥ္စမ)နေ့ ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၅)ခုဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၄)ဦးရှိကာရူပဗေဒဘာသာရပ်တွင်ဖြေဆို(၄၃၈)ဦးပျက်ကွက်(၁၃)ဥိး၊သမိုင်းဘာသာရပ်တွင်ဖြေဆို(၂၅၀)း၊ ပျက်ကွက်(၃၃)ဦး စုစုပေါင်းဖြေဆိုဦးရေ(၆၈၈)ဦး၊ ပျက်ကွက်(၄၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်