မိုးကုတ် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ (၃)ရက်နေ့ ညနေ (၄)နာရီအချိန်က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြို၍ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် မိုးကုတ်မြို့အနောက်ပိုင်း ကသဲကျေးရွာအုပ်စု၊ ကျောက်ဆောင်ရပ်၊ အုန်းပင်ကွက်သစ်ရပ်တွင် နေထိုင်သူ ဒေါ်အားဆာမီ၏ မိသားစုထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သော ပစ္စည်းများအား ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် မြေပြို၍ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်အား မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များက Family Kit (၁)ပုံး၊ Hygiene Kit (၁)ပုံး၊ Dignity (၁)ပုံး၊ Shelter Kit (၁) စုံ၊ တာပေါ်လင်စ (၂)ထည်၊ စောင်၊ အိပ်ယာခင်းစသည့် အသုံးအဆောင်ပစ္စည်းများကို နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ဒေါ်အားဆာမီထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်မင်းမောင်(ပြန် /ဆက်)