ခရမ်း ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအသိပညာပေး အခန်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့ အ.ထ.က (၁) စိန်ရတုခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးမင်းကိုအောင်က အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီးအခမ်းအနားသို့ အ.ထ.က (၁)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှလက်ထောက် ဦးစီးမှူးဒေါ်မေဇင်ဖြိုးကမီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပြီးသန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူဆောင်ရွက်နေရကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုသည်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ တို့သာမက အကြင်နာတရားများနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး မွန်မြတ်သည့် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များဖြစ်ကြောင်းနှင့်မီးသတ်တပ်ဖွဲ့မှာရှိတဲ့ အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ တာဝန်ကြီး(၄)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်မူများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်သည်များကိုရှင်းလင်း၍၊ အရေးပေါ်အသက်ကယ်နိုင်သည့်အသက်ကယ် အင်္ကျီဝတ်ဆင်နည်း၊ အိမ်သုံးစွန့်ပြစ်ပစ္စည်းများဖြင့် အသက်ကယ်အင်္ကျီ ဆောင်ရွတ်ပုံတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)