အင်္ဂပူမြို့နယ်အတွင်းရှိ တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် လယ်ကြားမြောင်းများ တူးဖော်ရေရယူကြရန် အသိပညာပေးခြင်းနှင့် ဆည်ရေပေးဝေမှုကဏ္ဍတိုးတက်ရေး ဆောင်ရွက်မှုများ အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းခန်းမ၌ ယနေ့နံနက်ပိုင်းက တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်ရေရယူကြရန် အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်(PIM) ဖော်ဆောင်ခြင်းဖြင့် ဆည်ရေပေးဝေမှုကဏ္ဍ တိုးတက်ရေးဆောင်ရွက်မှုများ အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။