သရက်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) အလကကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။