ကျောင်းကုန်းမြို့၌ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးပွဲ ကျင်းပ

ကျောင်းကုန်း ဇွန် ၂၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ ကွင်းအမှတ် ၃၈၄-B၊ ဦးပိုင်အ မှတ် ၁၇/၈၊ တောင်သူ ဦးခင်ဝင်း၏ လယ်မြေဧက(၁၀)ဧက၌ ၂၀၂၄-၂၀၂၅ ခုနှစမ မိုစပါးရာသီ Drum Seeder မျိုးစေ့ချကိရိ ယာဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Drum Seeder မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စိုက်ပျိုးတိုးတက်မြင့်မားရေး ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်‌ တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ Drum Seeder မျိုးစေ့ချကိရိယာ အလက်(၂၀)ဖြင့် စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)