ပန်းတနော် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ရှောင်တခွင်လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်းရှိ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီ စျေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိ/ မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်မှန်ကန်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)