ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်အား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေး

ကျောက်တန်း ဇွန် ၂၄

မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်အား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ၂၂.၆.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၂ဝ/၂၁)ရှိ  Wilmar Myanmar Limited ဝန်းအတွင်းရှိ Ware House ၌ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) ရယူဆောင်ရွက်ခြင်းတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထင်‌အောင်လင်း ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)