ရေတာရှည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်း လုပ်ငန်းများအဖြစ် ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးအဖွဲ့ဝန်ထမ်းများက ခြင်ပေါက်ဖွားမှုများအား လျှော့ချနိုင်ရေးအတွက် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ရေဝင်ရောက်နိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဌာနဆိုင်ရာရုံးများအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)