သနပ်ပင် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မိုးရာသီတွင် ခြင်များပေါက်ဖွားပြီး ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သနပ်ပင်မြို့နယ် အ.ထ.က (သနပ်ပင်) နှင့် အ.လ.က (ခွဲ) ဈေးပိုင်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်း၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)