ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင် (၁၅၉/ ၀) ထန်းကုန်းကျေးရွာအုပ်စုတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။

တံတားမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ  အခြေခံပညာကျောင်းများတွင်‌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ် (၁/ ၂၀၂၄) တက်ရောက်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနဲ့ စပ်လျဉ်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုအပ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လုပ်ငန်းကဏ္ဍ အသီးသီးမှာ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးစေအတွက် ရည်ရွယ်၍ အထူးအလေးထား ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

တံတားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ သည်။

သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိသားစုဝင်ငွေတိုးပွားရေး လက်ကိုင်အိတ်ထိုးနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး‌ သန်လျင်ခရိုင် သုံးခွမြို့နယ် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေ တိုးပွားစေရန်၊ ဆင်းရဲမှုနှုန်း လျှော့ကျစေရန် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌ စေရန် ရည်ရွယ်၍ ‌‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မိသားစုဝင်ငွေ တိုးပွားရေး လက်ကိုင်အိတ်ထိုးနည်းသင်တန်းဖွင့်ပွဲ ကျင်းပကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်စပါးမျိုး မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က သက်ငယ်ပြင်ကျေးရွာအုပ်စု သနပ်ကွင်းကျေးရွာရှိ ကွင်းအမှတ်၂၆၁(ခ) တောင်သူ ဦးစန်းဦးနှင့် ဦးချမ်းငြိမ်သူတို့၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ စပျစ်စိုက်ပျိုးခြင်းအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကန့်ဘလူမြို့၌ စပျစ်စိုက်ပျိုးခြင်းအကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကန့်ဘလူ ဇွန် ၂၆ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

အောင်လံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ကလေးမြို့၌ အအေးပေးပစ္စည်းများအကြောင်း Talk Show ပြုလုပ်

ကလေးမြို့၌ အအေးပေးပစ္စည်းများအကြောင်း Talk Show ပြုလုပ် ကလေး ဇွန် ၂၆ ကျော်ဟိန်း

ပွင့်ဖြူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
Subscribe to