စေတုတ္တရာမြို့နယ်တွင် လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအား မျိုးစပါး(၂၄၇)တင်းနှင့် ရပ်ကွက်/ကျေးရွာ​နေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအား မျိုးစပါး(၂၄၇)တင်းနှင့် ရပ်ကွက်/ကျေးရွာ​နေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သံလျှက်စွန်း၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့၌ ကျောင်းသူ/သားများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ချောင်းငယ်ရပ်ကွက်-အမက-တပ်ဦးကျောင်းရှိ ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းအတွင်းပြုလုပ်ရာ တာဝန်ခံကျောင်းအုပ်နှင့် ဆရာမများ၊ Grade-3 မှ Grade-5 အထိ ကျောင်းသား/သူများ ၆၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။

စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ၊ ကြူဝန်းကျေးရွာအုပ်စုမှ တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူ ဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ယခင်စိုက်ပျိုးစရိတ် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျင် ချေးငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ကျွဲသောင်ကျေးရွာ ငွေလဝန်းစာကြည့်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကမမောင်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် “မူးယစ်အန္တရာယ်လက်တွဲကာကွယ်” အသိပညာပေးနံရံကပ်နှင့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့” အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ချိတ်ဆွဲပြသပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် စာရေးဆရာ ရန်ကုန်ဘဆွေ၏ “မြန်မာပြည်သား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ပျိုး‌ထောင်ထားရှိသည့် ကော်ဖီပျိုးပင်များ ပျိုထောင်ထားမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေး

ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စိုက်ပျိုးရေးနည်းပညာ‌ပေးစခန်းသို့ ရောက်ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် သိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်။

ဖျာပုံမြို့နယ် အ.လ.က(သလိပ်ကြီး)ကျောင်းတွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူးများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာ၊ အ.လ.က(သလိပ်ကြီး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to