ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရွှေတောင် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင် (၁၅၉/ ၀) ထန်းကုန်းကျေးရွာအုပ်စုတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ် သစ်တောသစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောသစ်တောဦးစီးဌာန ဦးစီးမှူးဦး အောင်စက်ပိုင်နှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ထန်းကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ ကျွန်းအပင် (၁၀၀) ပင်၊ ပိတောက် အပင် (၁၀၀) ပင်၊ပျဥ်းကတိုး( ၁၀၀) ပင်နှင့် ယမနေ ( ၆၀)  ပင်စုစုပေါင်း ( ၃၆၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)