တံတားမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

တံတား ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ  အခြေခံပညာကျောင်းများတွင်‌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အဘိတ် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက် ဦးဆောင်မှုဖြင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်‌ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရေထည့်သော အိုးခွက်များ၊ ရေပုံးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေသိုလှောင်ကန်များ၊ ရေတိုင်ကီများနှင့် ကျောက်စည်များအား အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အဘိတ်‌(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို တံတားမြို့ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျန်မာရေး ဆရာ၊ ဆရာမများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)