နတ်တလင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်စပါးမျိုး မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က သက်ငယ်ပြင်ကျေးရွာအုပ်စု သနပ်ကွင်းကျေးရွာရှိ ကွင်းအမှတ်၂၆၁(ခ) တောင်သူ ဦးစန်းဦးနှင့် ဦးချမ်းငြိမ်သူတို့၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စိုက်ပျိုးရာသို့ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သူနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများမှ ကြည်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)