ပွင့်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ အတွင်းရေးမှူး ဆရာကြီးဦးကျော်စိုး(ပညာရေးငြိမ်း)က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ ကြိုတင်ကာကွယ်တားဆီးရမည့်နည်းလမ်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကြုံတွေ့ပါက အကူအညီတောင်းခံရမည့်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး မူးယစ်ဆေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)