မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသ 

မုံရွာ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများမှ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ အလုံရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့်ကလေးကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကုသပေးလျက်ရှိရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဆေးကုသမှုလာရောက်ခံယူကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အလုံကျေးလက်ကျန်းမာရေးဌာန အဆောက်အဦအတွင်းရှိ သတ်မှတ်ဆေးစစ်ဆေးခန်းများအတွင်း မုံရွာမြို့ ခုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့်ကလေး ကျန်းမာရေးဆိုင်ရာ ရောဂါစစ်ဆေးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အထူးကုဆရာဝန်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ဆေးကုသမှုလာရောက်ခံယူလာကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ အား နေ့လယ်စာ ထမင်းဘူးများ၊ အချိုရည်ဗူးများနှင့် သောက်သုံးရေသန့်ဗူးများအား လိုက် လံဝေငှပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်