ချမ်းအေးသာစံ ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)ရှိ ရတနာပုံခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းဒေသကြီးလူငယ်ကြက်ခြေနီဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က လူငယ်ကြက်ခြေနီဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ICRC မန္တလေးရုံးမှ Head Of delegation Mr. Ross နှင့် IFRC မန္တလေးရုံးမှ Head Of delegation Dr. Soe Htet တို့မှ နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်၊ ICRC မန္တလေးမှ Mr. Ross၊ IFRC မန္တလေးမှ Dr.Soe Htet၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာမြင့်မိုရ်စိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)