မော်လမြိုင် ဇွန် ၁၄
မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန် ၁၂ ရက် ညနေပိုင်းက မော်လမြိုင်မြို့ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် မိုးလုံလေလုံအားကစားရုံနှင့် အာကစားဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်အကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောက်ရွက်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အားကစားရုံအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် စံလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊အားကစားသမားများနှင့် ပရိသတ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားထူးချွန်သူတွေ ဖြစ်လာစေရန်အတွက် အဓိကမောင်းနှင်အားတစ်ခု ဖြစ်ကြောင်းမှာကြားပြီး ထောာက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားဥယျာဉ်စီမံကိန်း အချောထည်လုပ်ငန်းတွင် ပါဝင်သော အားကစားခန်းမ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း၊ VIP ပွဲကြည့်စင် ထိုင်ခုံတပ်ဆင်ခြင်း လုပ်ငန်းနှင့် LED Score Board တပ်ဆင်ခြင်းလုပ်ငန်း၊ အားကစားရုံ ကားပတ်လမ်း၊ အားကစားသမားတည်းခိုဆောင်၊ ဝန်ထမ်းအိမ်ရာများတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်တွင် ပြည်သူအတွက် အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုအစီအစဉ်အား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန် ၁၃ရက် နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ အခြေခံပညာအထက်ကျောင်း၌ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ လှူဒါန်းပေးနေခြင်းအပေါ် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ကျောင်းအတွင်း ဘာသာအရပ်ရပ် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများက အများပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပေါ် လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆေးကုပေးသော မော်လမြိုင်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်ကား ပြန်လည်ပြောကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသတွင်း စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ချောင်းဆုံမြို့နယ်၊ ဖံဖကျေးရွာရှိ မြေဧရိယာ ၃ဝ ဒသမ ၃၆ ဧက အပေါ် နို့စားနွား၊ မွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုသည်။
ထို့နောက် ပြည်နယ်မွေးရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ မွေးမြူရေးဇုန်အတွင်း နို့စားနွား မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြုရေးဇုန်အား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မွေးမြူရေးဇုန်နှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒေသခံမွေးမြူထုတ်လုပ်သူများက လိုအပ်သည်များအား တင်ပြတောင်းခံမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)