ဟင်္သာတမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဟင်္သာတ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကညင်ငူ ကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာ၌ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများဝင်ငွေတိုး ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ နေ့လည်ပိုင်းကအဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်မာထွေးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်း၏ အုတ်ပုံကျေးရွာ ဘဏ္ဍာရေး တာဝန်ခံ ဦးဝင်းစိုး မှသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သင်တန်းနည်းပြများမှ မိတ်ဆက်စကားပြောကြားခြင်း တို့ဆောင်ရွက် ခဲ့ကြသည်သည်။ အဆိုပါသင်တန်းအား ဇူလိုင်လ ၁၅  ရက်နေ့မှ ၂၁  ရက်နေ့အထိ  (၇)ရက် သင်တန်းသူ(၁၀)ဦး တို့အားစာတွေ့လက်တွေ့သင်ကြား သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာထွေး၊ ဟင်္သာတခရိုင်အအခမ်းအနားသို့ ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်မာထွေး၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများနှင့် ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၏ အုတ်ပုံကျေးရွာ ဘဏ္ဍာရေးတာဝန်ခံ ဦးဝင်းစိုးနှင့် သင်တန်းသူများ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများနှင့် ဝန်ထမ်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်း၏ အုတ်ပုံကျေးရွာ ဘဏ္ဍာရေးတာဝန်ခံ ဦးဝင်းစိုးနှင့် သင်တန်းသူများ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)