ဂွ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲ ပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်၊ အသက်အရွယ်နှင့်အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများ၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာမှ ဒုတိယဦးစီးမှူး ဒေါ်မြသီက ကျောင်းသား၊ ကျောင်းသူများ သိသင့်သိသင့်ထိုက်သည့် စားသုံးသူများ သိရှိလိုက်နာရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်