ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး တာချီလိတ်မြို့ ရေကြီးရေလျှံ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

တာချီလိတ်  ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးရာသီကာလအတွင်း မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်နှင့် တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြိုတင်ကာကွယ်ရေးအတွက် တာချီလိတ်မြို့အတွင်းရှိ နမ့်ယွန်းချောင်းအား စက်ယန္တရားများအသုံးပြုပြီး ရေစီးရေလာကောင်းမွန်ရေး နုန်းဆယ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ­

ခရိုင်(ပြန်/ဆက်)