ညောင်ဦးခရိုင်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး ဇူလိုင် ၁၇

(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညောင်ဦးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေး ခန်းမတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆွေးနွေးပြောကြားကာ လုပ်ငန်းဆပ်ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါ်မေငြိမ်းစိုး၊ ဘဏ္ဍာ ငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ လုံခြုံရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဌေးအောင်တို့က ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြသည်။ပြီးနောက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း