သာစည် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၇)နှ စ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၉ နာရီတွင် အလယ်တန်းအဆင့် သုတဉာဏ်စမ်းပြိုင်ပွဲကို ကျောင်းသား/သူ ၃၀ ဦးဖြင့် လည်းကောင်း၊နံနက် ၁၀ နာရီခွဲတွင် မူလတန်းအဆင့်(Grade-2နှင့်3) ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျောင်းသား/သူ ၅၂ ဦးဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မူလတန်းအဆင့်(Grade-4နှင့်5) ကဗျာရွတ်ပြိုင်ပွဲကို ကျောင်းသား/သူ ၄၆ ဦးဖြင့်လည်းကောင်း ကျင်ပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲများတွင် သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အ.ထ.က များ၊ အမှတ်(၂)ရပ်ကွက်မီးရထားနှင့် ကွမ်းခြံရိုးကျေးရွာ အ.လ.က(ခွဲ)များ၊ မောင်းတိုင်နှင့် ဂွေးကုန်း(ရ) မူလွန်ကျောင်းများ၊ အမကသီရိမင်္ဂလာ၊ အ.မ.က ၄၂၀၊ အ.မ.က(၃)၊ အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းတို့မှ ကျောင်းသားသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအသီးသီးမှ ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/သူများက (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးကြသော မြို့နယ်မှ စာရေးဆရာများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)