ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်  အကူသူနာပြု(ပြင်ပ) ၉ လ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး  ဇူလိုင်  ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်  ၉ နာရီအချိန်က အကူသူနာပြု(ပြင်ပ) ၉ လသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် ခုတင် (၂၀၀)ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက အကူသူနာပြု(ပြင်ပ) ၉ လ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ဒီပါလင်း