ညောင်ရွှေမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

ညောင်ရွှေ ဇူလိုင် ၁၇

၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများက ပြိုင်ပွဲခေါင်းစဉ်အလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်၍ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ