မအူပင် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ နယ်မြေမီးသတ်စခန်းရုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ပြုလုပ်သည်။
မြန်မာ့စီးပွားရေးဘဏ်(မအူပင်)တွင် ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးသက်နှင့် ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အိုဗာတင်းအာဟာရများ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများရောင်းချပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြိုနယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးသက်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီးပွားရေးဘဏ် မန်နေဂျာဒေါ်သန္တာထွန်းနှင့် ဝန်ထမ်းများမှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)