ဘိုကလေး ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလပ်ကျေးရွာအုပ်စုတွင် ဇူလိုင် (၂၇) ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာအုပ်စုတွင်းရှိ နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးရန်ရှိသူများအား ပန်းခင်းစီမံချက် (၃) အရ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဇင်မင်းအောင်နှင့် အဖွဲ့က ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကဒ် မပြုလုပ်ရသေးသူများအား ပြုလုပ်ဆောင်ရွက်ပေးခြင်းအပြင် ကျေးရွာအုပ်စုတွင်းရှိ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များအား စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ် နံပါတ်များ ဖြည့်သွင်းခြင်း၊ သေဆုံးသူများ၏ အမည်စာရင်းများအား မှတ်ချက်ပြုခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)