ကလောမြို့၌ သင်္ကြန်အကြိုနေ့တွင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကြိုနေ့) လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီက ကလောမြို့ နာရီစင်အနီး၊ မင်းလမ်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလောတပ်နယ်မှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများနှင့် ယိမ်းအကအဖွဲ့ဝင်ကျောင်းသူများ၊ မြို့ပေါ် (၁၁) ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များနှင့် ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။