မော်လမြိုင်မြို့နယ်တွင် မဲစာရင်းအမှတ်စဉ် Voters Slip များ အိမ်တိုင်ရာရောက်ပေးအပ်၍ မဲပေးနိုင်ရန် အသိပေးနှိုးဆော်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး လွယ်ကူအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်စဉ် Voters Slip များ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။