တီးတိန် ဧပြီ ၁၄
ချင်းပြည်နယ်တီးတိန်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် (လမ်းလျှောက်သင်္ကြန်ပွဲတော်) ဖွင့်ပွဲအခမ်းအနားကို တီးတိန်ခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက သင်္ကြန်ပွဲတော် အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ဆက်လက်၍ ယိမ်းအဖွဲ့များမှ မြူမှောင်ဝေကင်းသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြကာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားပျော်ရွှင်စွာ ဆင်နွှဲကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)