မင်္ဂလာဒုံမြို့နယ်၌ ရွှေဝါဖူးဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်း‌လျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မင်္ဂလာဒုံ ဧပြီ ၁၄

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပုလဲ (၂) ရပ်ကွက်၊ အတွင်းဥပစာလမ်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရွှေဝါဖူး ဖျော်ဖြေရေးမဏ္ဍာပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မင်္ဂလာဒုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်မျိုးမင်း၊  ခရိုင်လဝကဦးစီးမှူး ဦးထိန်လင်းသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန်း၊၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်တို့မှ ရွှေဝါဖူးဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူတို့မှ သပြေခက်နှင့် အတာရေပတ်ဖျန်းခြင်းနှင့် လမ်းလျှောက်သင်္ကြန်ဖျော်ဖြေမှုအား လှည့်လည်ကြည့်ရှုခြင်း၊ ရွှေဝါဖူးယိမ်းအဖွဲ့နှင့် တောတိုက်ယိမ်းအဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော်ချစ်ချစ်ချောမှ သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် မင်္ဂလာဒုံခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့‌ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဧည့်သည်တော်များအား စတုဒီသာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)