ပဲခူးမြို့၌ တိုင်းရင်းသားဘာသာစကား(၅)မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထားသည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တိုင်းရင်းသားဘာသာစကား(၅)မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထားသည့် “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

တိုင်းရင်းသားများနေထိုင်သည့် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်မဲပေး နိုင်ရေးရည်ရွယ်ကာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံက်ပိုင်းက တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ရိုက်နှိပ်သည့် ရွေးကောက်ပွဲ အသိပညာပေးလက်ကမ်းစာစောင်များကို ဒန့်ဒလွန်ကျေးရွာ၊ မြေဝါကုန်းကျေးရွာများ၌ အရှိုချင်းများနေထိုင်သည့် ကျေးရွာများသို့ ပြည်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

နတ်တလင်းမြို့နယ်၌ တိုင်းရင်းသားဘာ သာစကားများဖြင့် ဘာသာပြန်ဆိုထားသည့် ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် တိုင်းရင်းသားဘာသာစကားများဖြင့် ဘာသာပြန်ဆိုထားသည့် ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များကို တိုင်းရင်းသားမဲဆန္ဒရှင်များ လက်ဝယ်ထံအရောက်ဖြန့်‌ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၌ MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျဖြန့်ဝေပို့ဆောင်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့‌ဆောင်ပေးခဲ့ကြသည်။

ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမ၌ ယနေ့နက် (၈) နာရီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၌ ဆီနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၁၅ ဧကစီ တာဝန်ယူစိုက်ပျိုးလျက်ရှိသည့် ရုရှားနေကြာစိုက်ပျိုးမှုမှ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေးချေးသမဝါယမအသင်း အသင်းသားနှစ်ဦး၏ ရုရှားနေကြာ (Makhaon) ငါးဧက စိုက်ပျိုးထားရှိမှုကို ယနေ့နံနက်ပိုင်းက ကြည့်ရှု၍ သတ်မှတ်ကာလအတိုင်း သွင်းအားစု၊ ပိုးသတ်ဆေးသုံးစွဲရန်နှင့် ရေသွင်းခြင်းများ ဆောင်ရွက်ရန်မှာကြားသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု စု‌ပေါင်းစက်ဘီးစီးနင်းပွဲ အခမ်းအနား တက်ရာက်

၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု အမျိုးသား/ အမျိုးသမီး စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တိုင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ငရုတ်‌ကောင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်‌ကောင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ၎င်းတို့၏ နေအိမ်များသို့ ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မဲရုံများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ထုတ်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ််ဆေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်ရှိ မဲရုံများ၌ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ(၂၆)ရက်နေ့က အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို ထုတ်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Subscribe to