ကျိုက်မရော၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန် Voter Slip များ တစ်အိမ်တက်ဆင်း ဖြန့်ဝေပေး
ကျိုက်မရော မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူမဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များအလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ Voter.Slip များကို တစ်အိမ်တက်ဆင်း လိုက်လံဖြန့်ဝေပေးခဲ့သည်။