တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြော

တံတားဦး ဇူလိုင် ၂၂

တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုး ကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်က သစ်တောသစ်ပင်ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များကို တက်နိုင်သလောက် မိမိတို့အိမ်ခြံဝန်းများတွင် စိုက်ပျိုးကြရေး၊ ရာသီဥတုဒဏ် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောသစ်ပင်များ ထိန်းသိမ်းကြစေလိုကြောင်း၊ ဒါ့အပြင် သစ်တောသစ်ပင်များအား ချစ်မြတ်နိုးစေရန် စသည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားည်။

အဆိုပါ ဟောပြောပွဲသို့ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)