မန္တလေး လူငယ်သင်တန်းကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသော “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ” အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မန္တလေး လူငယ်သင်တန်းကျောင်းတွင် ကျင်းပသည်။