ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်ခြင်းအတွင်း အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေး(မြေဩဇာ)များ လက်တွေ့ပြုလုပ်

ကျောက်ဆည် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဓာတုဓာတ်မြေဩဇာများအစား စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး၊ ဓာတုဓာတ်ကြွင်းကင်းသည့် ဆန်စပါးများထွက်ရှိစေရေးအတွက် ယနေ့နံနက်(၁၀)နာရီက သမန္တလင်းကျေးရွာအုပစုမှ တောင်သူဦးဇော်လင်းမောင် စိုက်ပျိုးထားသော စပါးစိုက်ခင်းများတွင် အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှမ်းရိုးသဘာဝမြေဆွေးပြုလုပ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ အရည်အသွေးပြည့်မီသည့် မြေဆွေးရရှိရေး၊  ဖုံးအုပ်ရာတွင် အသုံးပြုရန်အတွက် ပလပ်စတစ်အပါးစများ၊ အကာအရံအတွက် ဝါးကပ်ကြမ်းနှင့်ဝါးတိုင်များ အသုံးပြုခဲ့ပြီး အလျား()ပေ၊ အနံ()၊ အမြင့်()ပေ ကန်ပြုလုပ်ကာ နှမ်းရိုး၊ ဖွဲနု၊ အသင့်သုံး(EM)အရည်များနှင့် ပြုလုပ်ခဲ့ကြောင်းနှင့် (၁၄)ရက်အကြာတွင် သဘာဝမြေဆွေးအဖြစ် စိုက်ခင်းများတွင် စတင်အသုံးပြုနိုင်ကြောင်း၊ စပါးတစ်ဧအတွက် နှမ်းရိုးသဘာဝမြေဆွေးကန် ()ကန် ပြုလုပ်၍ အသုံးပြုမှသာ စပါးအတွက်လိုအပ်သည့် အာဟာရများ ပြည့်ဝစွာရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သဘာဝမြေဆွေးများ ပြုလုပ်ရာတွင် တိရိစ္ဆာများ၏အညစ်အကြေးများ၊ စွန့်ပစ်အပင်များ၏အသီး၊ အရွက်၊ အရိုးစသည့်အမျိုးမျိုးတို့ဖြင့် ပြုလုပ်နိုင်ပြီး နွားချေးဖြင့် အလျား()ပေ၊ အနံ()ပေ၊ အမြင့်()ပေ အရည်အသွေးပြည့် သဘာဝမြေဆွေးပြုလုပ်မည်ဆိုပါက ဝါးကပ်ကြမ်းအတွက် ငွေ(၁၄၀၀၀)ကျပ်၊ ဝါးတိုင်အတွက် ငွေ(၁၈၀၀၀)ကျပ်၊ နွားချေးအတွက် ငွေ(၁၅၀၀၀)ကျပ်၊ ဖွဲနုအတွက်ငွေ(၃၀၀၀၀)ကျပ်၊ အဖုံးအကာပလပ်စတစ်အတွက် ငွေ(၂၁၀၀၀)ကျပ် အသင့်သုံး(EM)အတွက် ငွေ(၁၈၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)