ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

ညောင်လေးပင် ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)က ကဗျာ၊ မဂ္ဂဇင်း၊ ဝတ္ထုတိုများ ရေးသားပေးပို့နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ဆက်လက်၍ တတ်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ မိမိတို့ရေးသားထားသောဆောင်းပါး၊ ကဗျာများအား အပြန်အလှန်ညှိနှိုင်း၍ စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)