ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများနှင့် သတင်းလုပ်ငန်းများတွင် လွယ်ကူလျှင်မြန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက အဖွင့်အမှာစကား ပြောကြားပြီး ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများက သတင်းဗီဒီယိုများ ရိုက်ကူးနည်း၊ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်းနှင့် Program များတွင် နောက်ခံစကားပြော ထည့်သွင်းပြောကြားခြင်း အစီအစဉ်များကို သင်တန်းသူ/သင်တန်းသားများအား ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)