စစ်ကိုင်း မတ် ၂၆
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၁၈)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး အဆိုပါသွေးလှူဒါန်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှု့အားပေးခဲ့ကာ သွေးလှူရှင်များအား ကြက်ဥ၊ အချိုရည်၊ အားဆေးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)