ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

ညောင်ဦး မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ညောင်ဦးမြို့နယ် အတွင်းရောင်းချလျက်ရှိသည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူထားရှိ ရှိ/မရှိ၊နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ/မရှိ၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း၊ ရှိ/မရှိစိစစ်ခြင်း၊တည်ဆဲ အခွန်းဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်သူ ဟုတ်၊ မဟုတ်စိစစ်ခြင်း၊ ရွေရောင်းဝယ်မှု ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးခြေမှု၊ ငွေးကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ်ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများ၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ/မရှိနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသောနေရာတွင်သာ ရွှေရောင်းဝယ်ခြင်း ရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်စည်းကမ်းချက်များအား ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေပန်းထိမ်(၂၁)ဆိုင် အားစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း