ရေဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။