ကျောင်းကုန်းမြို့နယ်တွင် ကျား/မအခြေပြုအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။