ကျွန်းလှမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းစင်စေရန်အတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း ပညာ‌ပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အင်းကောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်ပေးကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် အခမ်းအနားများကျင်းပရာတွင် အောင်မြင်စွာကျင်းပနိုင်ရေး အခမ်းအနားမှူး သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားများကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးခရိုင်CommunityCentre၌ပြည်သူလူထုပူး ပေါင်းပါဝင်သော မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးTalkShow

လင်းခေးခရိုင်CommunityCentre၌ပြည်သူလူထုပူး ပေါင်းပါဝင်သော မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးTalkShow စိုင်းဇော်လတ် လင်းခေးခရိုင်ပြန်/ဆက်

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း(၃၀)အား ယာယီပိတ်ထားခဲ့ရာ ယခုအခါ မြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး လူနေရပ်ကွက်များအတွင်း ချောင်းရေဝင်ရောက် လာသောကြောင့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းနေသူများ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့ကကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးခရိုင်CommunityCentre၌ပြည်သူလူထုပူး ပေါင်းပါဝင်သော မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးTalkShow

လင်းခေးခရိုင်CommunityCentre၌ပြည်သူလူထုပူး ပေါင်းပါဝင်သော မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးTalkShow စိုင်းဇော်လတ် လင်းခေးခရိုင်ပြန်/ဆက်
Subscribe to